မျောက်ငါးကောင်ပုံပြင်

Category: By ora
စမ်းသပ်မှု တစ်ခုမှာ လူတွေက မျောက်ငါးကောင်ကို လှောင်အိမ်တစ်ခုထဲ ထည့်ပြီးလှောင်အိမ်ထိပ်မှာ ဌက်ပျောသီး တစ်ခိုင်ကို ချိတ်ဆွဲထားလိုက်တယ်။အော်တိုစမ်းသပ် ခလုတ်တစ်ခုလဲ တပ်ဆင်ထားပြီး မျောက်တွေက ဌက်ပျောသီးကိုသွားယူမယ်လို့ ကြံခဲ့ရင် လှောင်အိမ်ကို ရေတွေနဲ့ ချက်ချင်း ပက်ဖြန်းတာခံကြရလိမ့်မယ်။
စစချင်း မျောက်တစ်ကောင်က ငှက်ပျောသီးကို ယူဖို့ကြံတော့ရေနဲ့ပက်ခံလိုက်ရတယ်။ မျောက်ငါးကောင်လုံး ရေတွေ စိုကုန်တာပေါ့။ကျန်တဲ့မျောက်တွေလည်း စမ်းကြည့်ကြတယ်။ ရေပက်ခံရတာပဲ အဖတ်တင်ခဲ့တယ်။ ဒါနဲ့မျောက်တွေက ငှက်ပျောသီးကို မယူရင် ရေပက်မခံရဘူး..ဒါကြောင့် ငှက်ပျောသီးကိုသွားမယူဖို့ အားလုံးက သဘောတူ ဆုံးဖြတ် လိုက်ကြတယ်။
နောက်တော့ စမ်းသပ်တဲ့လူတွေက မျောက်တစ်ကောင်ကို အသစ်တစ်ကောင်နဲ့လဲလိုက်တယ်။ (မျောက်ညိုလို့ ဆိုပါစို့)။ လှောင်အိမ်ထဲ အသွင်းခံရတဲ့မျောက်ညိုဟာ ငှက်ပျောသီးကို မြင်တာနဲ့ ချက်ချင်း သွားယူမလို့ပါပဲ။ ဒါပေမယ့် တစ်ကောင်ကောင်က ငှက်ပျောသီးယူမယ်လို့ ကြံလိုက်ရင် ရေပက်ခံရမယ်ဆိုတာကို သိတဲ့ ကျန်မျောက် (၄)ကောင်ရဲ့ အထုအထောင်းကို ခံလိုက်ရတယ်။ မျောက်ညိုက ယူဖို့ အကြိမ်ကြိမ် ကြိုးစားကြည့် တယ်။ ယူဖို့ ကြံလိုက်တိုင်းအထုအထောင်းပဲ ခံနေရတော့ နောက်ဆုံး လက်လျော့လိုက်ရတယ်။ မျောက်ငါးကောင်စလုံးက ရေပက် မခံရတော့ဘူးပေါ့။
စမ်းသပ်တဲ့လူတွေက နောက်မျောက်တစ်ကောင်ကို အသစ်တစ်ကောင်နဲ့လဲလိုက်ပြန်တယ်။ (မျောက်ဖိုးစိန် ဆိုပါတော့)။ မျောက်ဖိုးစိန်လည်းမျောက်ညို အတိုင်းပဲ လှောင်အိမ်ထဲ ၀င်လာတာနဲ့ ငှက်ပျောသီးကို ယူဖို့ကြံတယ်။ နောက်ဆုံးတော့ ကျန်မျောက်တွေရဲ့ အရိုက်ကိုပဲ ခံလိုက်ရတယ်။ မျောက်ညိုကလည်း အရိုက်ခံထား ရဖူးတော့ မျောက်ဖိုးစိန်ကို ကျန်မျောက်တွေဝိုင်းရိုက်နေတုန်း သူလဲ ဆွမ်းကြီး ၀င်လောင်း တာပေါ့။ မျောက်ဖိုးစိန်လည်းယူဖို့ကြံတိုင်း အရိုက်ပဲ ခံနေရတော့ လက်လျော့လိုက်ရတယ်။
အဲလိုနဲ့ စမ်းသပ်တဲ့လူတွေက မျောက်တွေကို တစ်ကောင်ပြီးတစ်ကောင် အသစ်တွေနဲ့လဲလိုက်တယ်။ နောက်ဆုံး မျောက်ငါးကောင်လုံးဟာ အသစ်တွေပဲ ဖြစ်ကုန်တယ်။ဒါပေမယ့် တစ်ကောင်မှ ငှက်ပျောသီးကို သွားမယူရဲကြဘူး။ ဘာကြောင့်လဲဆိုတာသူတို့ ကိုယ်တိုင်လည်း မသိဘူး။ သွားယူရင် အရိုက်ခံရမယ် ဆိုတာပဲ သိတယ်။
ဒီလိုနဲ့ပဲ " ရှေးထုံးစဉ်လာ" ဆိုတာ ဖြစ်ပေါ်လာတယ်။ရှေးရိုးစဉ်လာကို မသုံးသပ် မစိစစ်ကြည့်ရင် အဓိပ္ပါယ် မဲ့သွားတတ်တယ်။


ကျမတို့ဟာ ငှက်ပျောသီးကို သွားယူရင် ရေပက်ခံရမယ်ဆိုတာကို သိတဲ့မျောက် လား....? အရိုက်ခံရမယ် ဆိုတာကိုပဲ သိတဲ့ မျောက်လား......?

Credit : Lotus ( http://padonma.com )

Never break 4 things in your life

Category: By ora
Never break 4 things in your life ..
(1) Trust
(2) Promise
(3) Relationship
(4) Heart.
Because when they break they don't make noise but pain a lot.

(Charles)

Do you have like this one ?

Category: By ora
A - Accepts you as you are - သင့်ကိုအရှိအတိုင်းလက်ခံသူ

B - Believes in ''you'' - သင့်ကိုယုံကြည်သူ

C - Calls you just to say ''HI'' - "နေကောင်းရဲ့လား"ဟုမကြာခဏ နှုတ်ခွန်းဆက်သသူ

D - Doesn't give up on you - သုံးလို့မရပါဘူးဟု စွန့်ပယ်မပစ်တတ်သူ

E - Envisions the whole of you (even the unfinished parts)
သင့်လုပ်ဆောင်ချက်အားလုံး (မပြီးသေးသော အစိတ်အပိုင်းများအပါအ၀င်)ကို မှန်းမျှော်ပီတိဖြစ်နေသူ

F - Forgives your mistakes - သင့်အမှားများကို ခွင့်လွှတ်တတ်သူ

G - Gives unconditionally - ခြွင်းချက်မရှိသော မေတ္တာစေတနာကို ပေးတတ်သူ

H - Helps you - ကူညီဖေးမသူ

I - Invites you over - နွေးထွေးစွာ ကြိုဆိုဖိတ်ခေါ်တတ်သူ

J - Just ''be'' with you - သင်နှင့်အတူရှိနေတာကို ကျေနပ်သူ

K - Keeps you close at heart - လှိုက်လှဲပွင့်လင်းစွာ ခင်မင်သူ

L - Loves you for who you are - ဆင်းရဲ ချမ်းသာမပါသော ချစ်ခြင်းဖြင့်ချစ်ခင်သူ

M - Makes a difference in your life - သင့်ဘ၀မှာ သူရှိနေသည့်အတွက် အပြောင်းအလဲဖြစ်စေသူ

N - Never judges - အပြစ်တင်ဝေဖန်ခြင်းမပြုသူ

O - Offer support - သင့်ဘက်မှ ရပ်တည်ထောက်ခံပေးမည့်သူ

P - Picks you up - ၀မ်းနည်းအားငယ်ခြင်းကို ဖြေသိမ့်ပေးမည့်သူ

Q - Quiets you fears - ကြောက်ရွံ့စိတ်ကို ပြေပျောက်စေသူ

R - Raises your spirits - စိက်ဓာတ်မြှင့်ပေးသူ

S - Says nice things about you - သင့်ရဲ့ကောင်းကွက်လေးများကိုသာ ရွေးချယ်ပြောသည့်သူ

T - Tells you truth when you need to hear it - သင့်ကိုယ်ချင်းစာစိတ်ဖြင့်နားထောင်ပါက အမှန်ကိုပြောမည့်သူ

U - Understand you - သင့်ကိုနားလည်သူ

V - Values you - သင့်ကိုတန်ဖိုးထားသူ

W - Walks beside you - သင့်နားမှာ လျှောက်လှမ်းပေးမည့်သူ

X - Xplains thing you don't understand - သင်နားလည်လာသည်အထိ ရှင်းပြပေးမည့်သူ

Y - Yells when you won't listen - သူ့စကားကိုနားမထောင်ပါက အော်တတ်သူ


Z - Zaps you back to reality - သင့်အားအမှန်တရားဘက်သို့ပို့ဆောင်ပေးမည့်သူ

--
fwd mail တစ်ခုကနေ ကူးယူဖော်ပြတာ ဖြစ်ပါတယ်.. ကျမတို့ ဘ၀မှာကော ဒီလိုလူမျိုး ရှိဖူးလား.. ဒါမှ မဟုတ်ရင် သင်ရော တခြားတစုံတယောက်အတွက် ဒီလိုလူမျိုးဖြစ်ဖူးသလားရှင်..

တံခါးတစ်ချပ်နှင့် နောက်ဆက်တွဲ

ငါတို့မှာ ...
ပြတင်းပေါက်တွေ ရှိရမယ်တဲ့လား ...
ဟုတ်တာပေါ့ ...ရှိရမှာပေါ့
ကြီးကြီး .. သေးသေး (နှစ်မျိုးစလုံးဖြစ်ဖြစ်)
ပြီးတော့ သူ့တို့မှာ လုပ်လို့ရတာ ၂ ခု ရှိတယ် ... သိတယ်
ဖွင့်ခြင်း .. ပြီးတော့ ..
ပိတ်ထားခြင်း .....

ဖွင့်ထား ... အလင်းရောင်ရဖို့
ဖွင့်ထား ... လေကောင်းလေသန့်ရဖို့
ဖွင့်ထား ...............................

..........................................
ပိတ်ထား ... လေပြင်းတွေ တိုက်နေရင်
ပိတ်ထား ... မိုးတွေပြင်းထန်ရင်
ပိတ်ထား .............................

.........................................

နောက်ဆုံးတံခါးတချပ်တဲ့လား ....
ဒါလည်းဟုတ်တယ် ရှိကိုရှိရမယ်
သူ့ကျတော့ ရှင်းတယ်..

ပိတ်ထားရုံပဲ ..
ငါတို့ (အသဲအသန်) လိုတဲ့အချိန်
ဖွင့်ပြီး အသာလေး ထွက်သွား
အဲဒါ ........

ဝှက်တံခါးလေ ...

(GnR)

(ဒီကဗျာလေးက ကျမရေးခဲ့ဖူးတဲ့ "နောက်ဆုံးတံခါးတစ်ချပ်" ဆိုတဲ့ အက်ဆေးလေးကို ကျမအစ်ကိုတစ်ယောက်က ကဗျာတစ်ပုဒ်အဖြစ် ပြန်ခံစားပေးထားတာပါ။
ကျမရေးခဲ့တဲ့ ဆိုလိုရင်းကို အပြည့်အ၀ ဖော်ထားနိုင်တဲ့ ကဗျာကောင်းလေးမို့ ပြန်တင်ပေးလိုက်ပါတယ်ရှင်.. ကဗျာပိုင်ရှင် အကိုGnR ကို ကျေးဇူးတင်ပါတယ်)

စစ်ကိုင်း

ခုရက်ပိုင်း ကျမရဲ့ ဇာတိ ဒီမြို့ ပိစိလေးကို တော်တော် သတိရမိနေတယ်ရှင်
မြို့တော်ရန်ကုန်ရဲ့ မွန်းကြပ်မှုတွေ တစိမ်းဆန်မှုတွေ ကြုံရတိုင်း တခါတခါ ပြန်ပြေး သွားချင်မိတယ်.. တကယ်တော့လေ..ဒီမြို့လေးကနေ အတောင်စုံလို့ ပျံသန်းသွားတဲ့ ငှက်ကလေးတွေ ဘယ်လောက်များ များခဲ့ပြီလဲ..
သမိုင်းထဲက ဒီမြို့လေးကို "သံတံတိုင်း စစ်ကိုင်းတည်"လို့ မှတ်သားထားခဲ့တဲ့ မြန်မာသက္ကရာဇ်(၆၇၇) ခုနှစ်မှာ အသင်္ခယာစောယွမ်းမင်းက စတင်တည်ခဲ့ပါတယ်။
"စစ်ကိုင်းတောင် ဗျိုင်းရောင်ဖွေး"လို့ ဆိုစမှတ်ပြုရလောက်အောင် မြစိမ်းရောင်ထနေတဲ့
စစ်ကိုင်းတောင် မင်းဝံတောင်ကြောတစ်လျောက်က ထုံးဖြူဖြူစေတီလေးတွေကိုမြင်တိုင်း ရင်ထဲမှာ ကြည်နူး ဂုဏ်ယူမိတယ်။
ဧရာဝတီမြစ်ကို တံတားနှစ်စင်းအပြိုင်ထိုးထားတဲ့ ဒီမြို့လေးကို ရင်ထဲမှာ ဘယ်လို မြတ်နိုးမိမှန်း မသိဘူး။
ငယ်ငယ်က ဖတ်ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ထဲမှာတော့ ...
"ဒုတိယ မြို့တော်ရဲ့ လောင်းရိပ်မိနေတဲ့ ဗိုက်ပူနံကား မြို့ကလေး" တဲ့။
ဟုတ်တာပဲနော်..
ဒါပေမဲ့ ဒီမြို့လေးရဲ့ ထုံထိုင်းမှုကို ကျမချစ်တယ်။
ပြည့်ဝမှုကို အမှတ်ရတယ်။
ရိုးသားမှုကို ယုံကြည်တယ်။
တစ်နေ့တော့ ပြန်လာခဲ့မယ် မြို့ကလေးရေ..

နာနာဘာဝ

ချစ်တယ်လို့ပြောလိုက်တာနဲ့ ပန်းတွေပွင့်တယ်
ဒါပေမယ့်လွမ်းပြီဟေ့ဆို
မိုးမဆုံးမြေမဆုံးငိုပေတော့……

လက်မောင်းမှာဆေးရုပ်ထိုးရုံနဲ့ သစ္စာတရားဟာပြီပြင်ပါသလား
အဲဒီနေ့ကဇာတ်ကားဟာ
ပရိတ်သတ်ကိုတဘဝလုံးလိမ်သွားတယ်။

အခု ငုတ်တုတ်၊
မျက်ရည်လည်းမဟုတ်…နောင်တလည်းမဟုတ်
အူဝေညိုမှောင် ခပ်ကြောင်ကြောင်နဲ့
ဒီအကွက်က သင်တို့ကိုပြောင်ပြနေတာမဟုတ်ပါဘူး

အမှန်တရားတွေမှောင်မည်း
အချစ်ဆုံးသူနဲ့လွဲခဲ့တဲ့အခန်းကို
တစ်ဦးချင်းဆီထံ ရုပ်နဲ့အသံနဲ့ပြန်လွင့်နေတာပါ

ကဲကြည့် အဲဒီနာနာဘာဝဇာတ်ကား
ဆွဲဆောင်နေလိုက်ပုံများ
အခုရှေ့ကကွန်ပျူတာပေါ်မျက်လုံးကြီးပြုတ်ကျနေတာ
သုံးမိနစ်ခန့်ကြာခဲ့ပြီ…

ဒါပါဘဲချစ်သူ……
ငါ့ကို မင်းအတွက် အကယ်ဒမီပေးပါ။ ။
(စိမ်းခက်စိုး)


From:
http://www.winnainglay.co.cc/

မိတ်ဆွေ

Category: By ora
ကျွန်မဘ၀တစ်လျှောက်မှာ..“မိတ်ဆွေ”လို့ ခေါ်လို့ရတဲ့ လူတချို့နဲ့ ဆုံတွေ့ခဲ့ရဖူးတယ်..။
အဲဒီ “မိတ်ဆွေ” ဆိုတဲ့ ဝေါဟာရကို တိတိကျကျ..အဓိပ္ပါယ် မဖွင့်ဆိုရသေးခင်မှာပဲ..ကျွန်မက မိတ်ဆွေ သုံးမျိုးသုံးစား ရှိတာကို တွေ့လိုက်ရပြီးနေပြီ။


ပထမ အမျိုးအစားက “လေ” နဲ့တူတယ်..။
ကိုယ်က အောက်စီဂျင်အဖြစ် ရှူသွင်းလို့ရသလို..ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ်လည်း ရှူထုတ်လိုက်လို့ရတယ်။

သူတို့ဟာ ရန်သူတွေလည်းမဟုတ်ကြသလို မိတ်ဆွေစစ်တွေလည်းမဟုတ်ကြဘူး..။

ဒုတိယတစ်မျိုးကတော့..နောက်ကျောက ဓါးတွေနဲ့ တူတယ်။
မျက်နှာဖုံးအတုတွေလည်း စွပ်ထားကြသေးရဲ့..။
ခက်တာက မျက်နှာဖုံးမှန်းသိသိနဲ့ ဆွဲခွာမရခဲ့တာလေ…။ သူတို့ဟာ ရန်သူစစ်စစ်တွေပါပဲ..။

တတိယတစ်မျိုးကတော့ ပုလဲနဲ့တူတယ်..။

သူတို့ကိုရှာဖို့ဆိုတာ ဟိုးရေနက်ထဲထိ ကိုယ်တိုင်ဆင်းပြီး ကိုယ်တိုင်အမွန်းခံရသေးတယ်။
တွေ့ချင်မှလည်း တွေ့ရတတ်တာမျိုးလေ..။
ကိုယ်တိုင်က ဆလုံတွေလိုရေငုတ်ကျွမ်းကျင်ဖို့ကလည်း လိုပါသေးတယ်။
(မနော်ဟရီ)

ကဲ.. သင်တို့မှာကော..ပုလဲ ဘယ်နှလုံး ရှိပါသလဲ ??

လာလည်တဲ့သူ.. ဒီလောက်ရှိတယ်